Pages

(၁၅) ကြိမ်မြောက် ဇွဲကပင်ညာဒါနအသင်း အစည်းအဝေးအလှူပွဲ (၀တ်ကျာဒဲ) ကျင်းပပြီးစီး Karen

0 comments
ခြောက်လတစ်ကြိမ် ကျင်းပနေကျဇွဲကပင်ပညာဒါနအသင်း အစည်းအဝေးအလှူပွဲကို ထိုင်းနိုင်ငံ၊ ဖရတ်ဖဒဲမြို့၊ ၀တ်ကျာဒဲကျောင်းတိုက်တွင် (၈-၇-၂၀၁၂) ခု၊ တနင်္ဂနွေနေ့တွင် ကျင်းပပြီးစီးခဲ့ပါသည်။ ဇွဲကပင်ပညာဒါနအ သင်းသည် ၂၀၀၅-ခုနှစ်က စပြီးတစ်နှစ်လျှင် နှစ်ကြိမ် နှစ်စဉ်ကျင်းပလာခဲ့သည်မှာ ယခုဆိုလျှင် (၁၅) ကြိမ်တိုင် ရှိလာခဲ့ပြီးဖြစ်ပါသည်။ ထိုင်းနိုင်ငံမှာရှိကြတဲ့ အနယ်နယ်အရပ်ရပ်မှ ကရင်တိုင်းရင်းသားများနှင့်အခြားတိုင်းရင်း သားများ တတ်အားသရွေ့ပံ့ပိုးကူညီလှူဒါန်းမှုဖြင့် ယနေ့ထိတိုင်ရှင်သန်နေဆဲပင်ဖြစ်သည်။ (၁၅)...

(၆) ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်းအဖွဲ့ခွဲ (ဟာယိုင်)အလှူပွဲပြီးစီး

0 comments
(၆) ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်းအဖွဲ့ခွဲ (ဟာယိုင်)အလှူပွဲကို (၂၄-၆-၂၀၁၂) တနင်္ဂနွေနေ့မှာ အောင်မြင်စွာ ကျင်းပခဲ့ပါသည်။ ဟာယိုင်မြို့သည် ထိုင်းနိုင်ငံတောင်ပိုင်း၊ ကျန်ဝါဆွန်ခရာမှာတည်ရှိပြီး ထိုဒေသတ၀ိုက်တွင် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှ ကရင်၊ မွန်တိုင်းရင်းသားများအလုပ်လုပ်ကိုင်ရာဒေသတစ်ခုလည်းဖြစ်ပါသည်။ ထိုနေ့အလှူပွဲကို ကရင်၊ မွန်၊ ထားဝယ်တိုင်းရင်းသားပေါင်းများစွာဖြင့် ပူပေါင်းပါဝင်ဆင်နွဲခဲ့ကြပါသည်။ (၆) ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်းအဖွဲ့ခွဲ...

ဝပ်နခွန်အင် (နွန်ထဘူရီ) နှစ်သစ်ကူးပွဲတော်ကျင်းပ

0 comments
မြန်မာခုနှစ် ၁၃၇၄-ခု အတာသင်္ကြန်နှစ်သစ်ကူးပွဲတော်ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်တွင် လာရောက်အလုပ် လုပ်ကိုင်နေကြသော မြန်မာနိုင်ငံမှ ကရင်တိုင်းလူမျိုးများ (၁၅-၄-၂၀၁၂) တနင်္ဂနွေနေ့နွန်ထဘူရီ၊ ၀ပ်နခွန်အင်ကျောင်းတွင် စည်းကားသိုက်မြိုက်စွာကျင်းပခဲ့ပါသည်။ ရှေးဦးစွာ ရောက်လာကြသော ဧည့်ပရိတ်သတ်များကို ဖာလူတာ၊ သင်္ကြန်ထမင်းဖြင့် ဧည့်ခံကြပြီး နေ့လည် (၁၀.၃၀)မိနစ်တွင် သံဃတော်များအားဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ နေ့လည် (၁၂)နာရီမှာ ဆရာတော်၊ သံဃာတော်များထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊...

ခွယ်ကဘောင်ပညာဥယျာဉ်ကျောင်းအတွင်း ”ပညာရံသီ” သိမ်တော်၏ သြဘာစာတမ်း

0 comments
ပြည်ထောင်စုမြန်မာနိုင်ငံတော်ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ အမှတ် (၉) ရပ်ကွက်ခွယ်ကဘောင်ပညာဥယျာဉ်ကျောင်းအတွင်း၌နယ်သိမ်း၍ သမုတ်အပ်သော ”ပညာရံသီ” သိမ်တော်၏သြဘာစာတမ်း++++++++++++++++++++++++++ဇေယတု သဗ္ဗမင်္ဂလံ ။အောင်သူတကာတို့၏သေဌ်နင်း မင်းတကာတို့၏ သရဖူ သယမ္ဘူဇိန လောကထွဋ်တင် သနင်္ကူဦးနိမ် ဒေ၀ိန္ဒာအစစ် ဓမ္မရာဇ်ထင်ရှား သဗ္ဗညုမြတ်စွာဘုရားသည်၊ သုံးပါးလောကတွင် ဝေနေယျမှန်စွာ ဗြဟ္မာ နတ်လူ ဟိန္ဒကူတို့ကို ကယ်ယူသယ်ဆောင် နိဗ္ဗာန်သောင်သို့ ရောက်အောင်ပို့မည်ဟု အစုစုအလီလီ ပါရမီအစားစားတို့ကို ကိုယ်အားတော် ဉာဏ်အားတော်ရှိသမျှထုတ်ဖေါ်လျှက်...

ခွယ်ကဘောင်ပညာဥယျာဉ်ကျောင်း သိမ်သမုတ်ပွဲကျင်းပပြီးစီး

0 comments
ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်ကုန်း၊ အမှတ် (၉)ရပ်ကွက်မှာရှိသော ခွယ်ကဘောင်ပညာဥယျာဉ်ကျောင်း (ခွဲကဘောင်ပညာ့ဖေါ့ကလိုဘယာ)အတွက် သိမ်ကျောင်းဆောင်ဖြစ်မြောက်ရေး သိမ်သမုတ်ပွဲကို ၁၃၇၃ ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၈)ရက် (၁၅-၂-၂၀၁၂) ဗုဒ္ဓဟူးနေ့တွင် သိမ်သမုတ်ပွဲကိုအောင်မြင်စွာကျင်းပနိုင်ခဲ့ပါသည်။ ၎င်းသိမ်သမုတ်ပွဲအစီအစဉ်မှာ ၁၃၇၃ ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၈)ရက် (၁၅-၂-၂၀၁၂)တနင်္ဂနွေနေ့တွင် ဘားအံမြို့ရှိကျောင်းတိုက်သံဃာတော်များနှင့် အမှတ် (၉)ရပ်ကွက်အတွင်းရှိ သံဃာတော်များစုစုပေါင်း...

(၁၄) ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်း အစည်းအဝေးအလှူပွဲ (ဘန်ကောက်၊ ထိုင်းနိုင်ငံ)

0 comments
(၁၄) ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်း အစည်းအဝေးအလှူပွဲကို (၂၉-၁-၂၀၁၂) တနင်္ဂနွေနေ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ နွန်ထဘူရီ၊ ၀တ် နခွန်အင်ကျောင်းတွင် အောင်မြင်စွာကျင်းပခဲ့ပါသည်။ ဇွဲပညာဒါနအသင်းသည် တစ်နှစ်လျှင် (၂)ကြိမ်ဖြင့် ကျင်းပလာခဲ့သည်မှာ အခုဆိုရင် (၁၄) ကြိမ်တိုင်တိုင်ရောက်ရှိလာခဲ့ပါပြီ။ ဒါကြောင့် အားလုံးသော အနီးအဝေးမှာရှိကြတဲ့ ဇွဲကပင်ပညာဒါနအသင်းကိုထောက်ပံ့လှူဒါန်းကြတဲ့အလှူရှင်၊ အလှူမများ ၀မ်းမြောက်သာဓုခေါ်နိုင်ရန် ဒီဇွဲကပင်ပညာဒါနအသင်းဆိုက်ကနေတဆင့်ဖေါ်ပြလိုက်ပါတယ်။...