Pages

(၁၅) ကြိမ်မြောက် ဇွဲကပင်ညာဒါနအသင်း အစည်းအဝေးအလှူပွဲ (၀တ်ကျာဒဲ) ကျင်းပပြီးစီး Karen

0 comments
ခြောက်လတစ်ကြိမ် ကျင်းပနေကျဇွဲကပင်ပညာဒါနအသင်း အစည်းအဝေးအလှူပွဲကို ထိုင်းနိုင်ငံ၊ ဖရတ်ဖဒဲမြို့၊ ၀တ်ကျာဒဲကျောင်းတိုက်တွင် (၈-၇-၂၀၁၂) ခု၊ တနင်္ဂနွေနေ့တွင် ကျင်းပပြီးစီးခဲ့ပါသည်။ ဇွဲကပင်ပညာဒါနအ
သင်းသည် ၂၀၀၅-ခုနှစ်က စပြီးတစ်နှစ်လျှင် နှစ်ကြိမ် နှစ်စဉ်ကျင်းပလာခဲ့သည်မှာ ယခုဆိုလျှင် (၁၅) ကြိမ်တိုင်
ရှိလာခဲ့ပြီးဖြစ်ပါသည်။ ထိုင်းနိုင်ငံမှာရှိကြတဲ့ အနယ်နယ်အရပ်ရပ်မှ ကရင်တိုင်းရင်းသားများနှင့်အခြားတိုင်းရင်း
သားများ တတ်အားသရွေ့ပံ့ပိုးကူညီလှူဒါန်းမှုဖြင့် ယနေ့ထိတိုင်ရှင်သန်နေဆဲပင်ဖြစ်သည်။



(၁၅) ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်း၏ အလှူပွဲကို အောက်ပါအစီအစဉ်များဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်.
၁။ ကြွရောက်ကြသောဆရာတော်၊သံဃာတော်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က ´နမော တဿ´ (၃)
ကြိမ်ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ခြင်း
၂။ မိဂဒါယ ဖေါ့မူယှာ့အဖွဲ့မှ ´ပုဂ်ထင်းလ်ုဝါ်´ ဖြင့် ရွတ်ဖတ်ပူဇော်ခြင်း
၃။ ဧည့်ပရိတ်သတ်အပေါင်းတို့က မာန်နဲာကုဝေရ (နွန်ထဘူရီ)ထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်းနှင့် ဆရာ
တော်များထံမှ ပရိတ်တရားနားကြားခြင်း
၎။ ဇွဲကပင်ပညာဒါနအသင်း၏ နာယကဆရာတော်ဦးပုညမှ သြ၀ါဒကထာနှင့် တရားဓမ္မများ မြွက်ကြားခြင်း
၅။ ဇွဲကပင်ပညညဒါနအသင်း၏ဖြစ်လာပုံနှင့် လက်ရှိလုပ်ငန်းဆောင်ရွက်နေသောအခြေအနေများကို မာန်နဲာ
နာဂ၀ံသ (ခွယ်ကဘောင်ပညာဥယဉ်ကျောင်း)မှ ရှင်းလင်းပြောကြားခြင်း
၆။ (၁၅) ကြိမ်မြောက် ဇွဲကပင်ညာဒါနအသင်း အစည်းအဝေးအလှူပွဲမှာ ၀င်ငွေ၊ ထွက်ငွေများကို မာန်နဲာကုဝေ
ရမှ ရှင်းလင်းတင်ပြခြင်း
၇။ (၁၅) ကြိမ်မြောက် ဇွဲကပင်ညာဒါနအသင်း အစည်းအဝေးအလှူပွဲဖြစ်မြောက်ရေးအတွက် ပါဝင်လှူဒါန်းကြ
သောအလှူရှင်အမည်များနှင့် လစဉ်အလှူရှင်အမည်များကို ဖတ်ပြခြင်း
၈။ လှူဒါန်းဖွယ်ရာပစ္စည်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ရေစက်သွန်းချအမျှပေးဝေခြင်း
၉။ ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု- ၃ ကြိမ် ရွတ်ဆို၍ အခမ်းအနားကိုရုပ်သိမ်းခြင်း

အထက်ပါအစီအစဉ်များဖြင့် (၁၅) ကြိမ်မြောက် ဇွဲကပင်ညာဒါနအသင်း အစည်းအဝေးအလှူပွဲကိုအောင်မြင်စွာ
ကျင်းပခဲ့ပါသည်။ ဒီအလှူပွဲကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အဖက်ဖက်မှပံ့ပိုးကူညီလှူဒါန်းကြသော
အလှူရှင်၊ အလှူမများအားလုံး ဇွဲကပင်ပညာဒါနအသင်းမှ အထူးကျေးဇူးတင်ရှိပါကြောင်း အသိပေးအပ်ပါသည်။













(၆) ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်းအဖွဲ့ခွဲ (ဟာယိုင်)အလှူပွဲပြီးစီး

0 comments
(၆) ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်းအဖွဲ့ခွဲ (ဟာယိုင်)အလှူပွဲကို (၂၄-၆-၂၀၁၂) တနင်္ဂနွေနေ့မှာ အောင်မြင်စွာ ကျင်းပခဲ့ပါသည်။ ဟာယိုင်မြို့သည် ထိုင်းနိုင်ငံတောင်ပိုင်း၊ ကျန်ဝါဆွန်ခရာမှာတည်ရှိပြီး ထိုဒေသတ၀ိုက်တွင် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှ ကရင်၊ မွန်တိုင်းရင်းသားများအလုပ်
လုပ်ကိုင်ရာဒေသတစ်ခုလည်းဖြစ်ပါသည်။ ထိုနေ့အလှူပွဲကို ကရင်၊ မွန်၊ ထားဝယ်တိုင်းရင်းသားပေါင်း
များစွာဖြင့် ပူပေါင်းပါဝင်ဆင်နွဲခဲ့ကြပါသည်။



(၆) ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်းအဖွဲ့ခွဲ (ဟာယိုင်)အလှူပွဲကို အောက်ပါအစီအစဉ်များဖြင့် ကျင်းပခဲ့ပါသည်…
၁။ ကြွရောက်လာကြသော ဆရာတော်၊ သံဃာတော်၊ ဧည့်ပရိတ်သတ်အပေါင်းတို့က ´နမော တဿ´
သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ခြင်း
၂။ ဧည့်ပရိတ်သတ်အပေါင်းတို့က ဆရာတော်ဦးကုဝေရ(နွန်ထဘူရီ)ထံမှ ငါးပါးသီလခံယူပြီး ဆရာ
တော်များထံမှ ပရိတ်တရားနားကြားခြင်း
၃။ ဧည့်ပရိတ်သတ်အပေါင်းတို့က ဆရာတော်ဦးကုဝေရ(နွန်ထဘူရီ)ထံမှ အဆုံးအမသြ၀ါဒနာယူခြင်း
၎။ (၆) ကြိမ်မြောက် ကြွရောက်လာကြသော သံဃာတော်များက ရောက်လာကြတဲ့ ဧည့်ပရိတ်သတ်
အပေါင်းတို့အား အတွေ့အကြုံများနှီးနှောဖလှယ်ခြင်း
၅။ ဇွဲကပင်ပညာဒါနအသင်းအဖွဲ့ခွဲ (ဟာယိုင်) ဥက္ကဋ္ဌက ဧည့်ပရိတ်သတ်များအား ကျေးဇူးတင်စကား
ပြောကြားခြင်း
၆။ (၆) ကြိမ်မြောက်အလှူပွဲအတွက် ရငွေ၊ ထွက်ငွေစာရင်းကို တင်ပြရှင်းလင်းခြင်း
၇။ မာန်နဲာထေရိန္ဒ (သီရိလင်္ကာ)မှ ဧည့်ပရိတ်သတ်အပေါင်းတို့အား တရားဓမ္မဟောပြောခြင်း
၈။ ကြွရောက်လာကြသော ဆရာတော်များအား လှူဖွယ်ဝတ္ထုဆက်ကပ်ခြင်းနှင့် ရေဆက်သွန်းချအမျှ
ပေးဝေခြင်း
၉။ ထိုနောက် ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုရုပ်သိမ်းခြင်း

အထက်ပါ အစီအစဉ် (၉) ချက်ဖြင့် (၆) ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်းအဖွဲ့ခွဲ (ဟာယိုင်)၏ အလှူပွဲကိုအောင်မြင်စွာကျင်းပခဲ့ပါသည်။





အခမ်းအနားအစီအစဉ်မှူး ဏင်သွာ့အွာ (ကြာအင်းဆိပ်ကြီး)

ဝပ်နခွန်အင် (နွန်ထဘူရီ) နှစ်သစ်ကူးပွဲတော်ကျင်းပ

0 comments
မြန်မာခုနှစ် ၁၃၇၄-ခု အတာသင်္ကြန်နှစ်သစ်ကူးပွဲတော်ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်တွင် လာရောက်
အလုပ် လုပ်ကိုင်နေကြသော မြန်မာနိုင်ငံမှ ကရင်တိုင်းလူမျိုးများ (၁၅-၄-၂၀၁၂) တနင်္ဂနွေနေ့
နွန်ထဘူရီ၊ ၀ပ်နခွန်အင်ကျောင်းတွင် စည်းကားသိုက်မြိုက်စွာကျင်းပခဲ့ပါသည်။
ရှေးဦးစွာ ရောက်လာကြသော ဧည့်ပရိတ်သတ်များကို ဖာလူတာ၊ သင်္ကြန်ထမင်းဖြင့် ဧည့်ခံကြပြီး
နေ့လည် (၁၀.၃၀)မိနစ်တွင် သံဃတော်များအားဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ နေ့လည် (၁၂)နာရီ
မှာ ဆရာတော်၊ သံဃာတော်များထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ဦးသုနန္ဒ (နောင်ကမြိုင်)
က တကာ၊ တကာမတို့အား တရားဓမ္မဆွေးနွေးတိုက်ကြွေးခဲ့ပါသည်။ တစ်ဆက်တည်းမှာပဲ ဘားအံ၊
ခွယ်ကဘောင်ပညာဥယာဉ်ကျောင်းတွင် တည်ဆောက်လျှက်ရှိသော သိမ်ကျောင်းအတွက် ဘတ်
ငါးရာ (၅၀၀) ထက်လှူဒါန်းကြသော စေတနာရှင်များအား ဂုဏ်ပြုလွှာမှတ်တမ်းပေးအပ်ခြင်းကာ
ရေစက်သွန်းချအမျှပေးဝေခဲ့ပါသည်။

ထိုနောက် နှစ်သစ်ကူးမှာ ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေခြင်းအကျိုးငှာ ဘုရားရေသပ္ပါယ်
ခြင်း၊ သံဃာတော်များရေးသပ္ပါယ်ခြင်းများပြုလုပ်ခဲ့ကြပြီး အခမ်းအနားကိုရုပ်သိမ်းလိုက်ပါသည်။





ခွယ်ကဘောင်ပညာဥယျာဉ်ကျောင်းအတွင်း ”ပညာရံသီ” သိမ်တော်၏ သြဘာစာတမ်း

0 comments
ပြည်ထောင်စုမြန်မာနိုင်ငံတော်
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ အမှတ် (၉) ရပ်ကွက်
ခွယ်ကဘောင်ပညာဥယျာဉ်ကျောင်းအတွင်း၌
နယ်သိမ်း၍ သမုတ်အပ်သော ”ပညာရံသီ” သိမ်တော်၏
သြဘာစာတမ်း
++++++++++++++++++++++++++
ဇေယတု သဗ္ဗမင်္ဂလံ ။

အောင်သူတကာတို့၏သေဌ်နင်း မင်းတကာတို့၏ သရဖူ သယမ္ဘူဇိန လောကထွဋ်တင် သနင်္ကူဦးနိမ် ဒေ၀ိန္ဒာအစစ် ဓမ္မရာဇ်ထင်ရှား သဗ္ဗညုမြတ်စွာဘုရားသည်၊ သုံးပါးလောကတွင် ဝေနေယျမှန်စွာ ဗြဟ္မာ နတ်လူ ဟိန္ဒကူတို့ကို ကယ်ယူသယ်ဆောင် နိဗ္ဗာန်သောင်သို့ ရောက်အောင်ပို့မည်ဟု အစုစုအလီလီ ပါရမီအစားစားတို့ကို ကိုယ်အားတော် ဉာဏ်အားတော်ရှိသမျှထုတ်ဖေါ်လျှက် ဖြည့်တော်မူပြီးနောက်-
သင်္ချေလေးရပ် တစ်သိန်းကပ်ကို ဇာတ်အသွယ်သွယ် နွယ်အ၀၀ ဘ၀များစွာဖြင့် ကျော်လွန်တော်မူ ပြီးလျှင် ဤဘဒ္ဒကပ်ကာလ၀ယ် ဂေါတမဟူသောအမည်တော်ဖြင့် ဘုရားမြတ်အစစ် ဖြစ်ပွင့်တော်မူ ခဲ့ပါသတည်း။
နယ်သိမ်း၍ သမုတ်ခြင်းသည်ကား တစ်ခုသောပကတိဂါမခေတ်အတွင်း၌ သိမ်သမုတ်လိုကြ ကုန်သော ရဟန်းတို့သည် ၎င်းဂါမခေတ်အတွင်းရှိ ဗဒ္ဓသိမ်အပိုင်းအခြားမှ ပြင်ပသို့မထွက်ကြကုန် လင့်ဟု တမန်စေခိုင်းပြောကြားခြင်းဟူသော (ဗဟိကရဏ သီမာ ၀ိသောစန = နယ်သိမ်းခြင်း)-

အဗဒ္ဓသိမ်ကျောင်းနေရဟနုးတို့ကို သိမ်သမုတ်ရာဌာန၌ တစ်ပေါင်းတည်းစည်းဝေးစေခြင်း ဟူသော (ဟတ္တပါသာနနယ သီမာ ၀ိသောစန = နယ်သိမ်းခြင်း)-

သိမ်သမုတ်ရာ ဂါမခေတ်အတွင်းရှိ ဆန္ဒာရဟ ရဟန်းတို့၏ ဆန္ဒကိုဆောင်ယူစေခြင်းဟူသော (ဆန္ဒာရဟဏ သီမာ ၀ိသောစန = နယ်သိမ်းခြင်း)- အားဖြင့်ဤသုံးပါးတို့ပင်တည်း။

နယ်သိမ်း၍ သမုတ်အပ်သော ပြန့်သင်းနာမ ”ပညာရံသီ” မင်္ဂလာမှည့်ခေါ် ဤသိမ်တော် ကြီးသည်ကား ခေတ်ကာလအားလျော်စွာ ပကတိဂါမမှ နယ်သိမ်း၍ ခွဲထုတ်သမုတ်ရာဝယ် ပွတ်သစ် စခရုသင်းနှယ် စင်ကြယ်စေခြင်းငှါ သတ်မှတ်ရာဌာနထက် ပြင်ပသို့ ပိုထွက်၍ သံဃာတော် လေးပါး ထက်မနည်း ထိုင်နေလေအောင် အကွက်, အ၀န်းပြုလုပ်ပြီးလျှင် သိမ်နုတ်ခြင်းအမှုပြုလုပ်ကြရာ၌ ၀ိမတိ ၀ိသောဓနီဋီကာ, ၀ိနယာလင်္ကာရဋီကာနှင့် အာစရိယ၀ါဒလာလာသမျှသော အခြေခံတို့နှင့် ဧ၀ကန်ညီစေလျှက် အ၀ိပ္ပ၀ါသ သမာန ဆက်တွဲပြီး အနည်းနည်းရွတ်ဖတ်၍ သိမ်စပ်, သိမ်လွမ်း ပြစ် မစွန်းရအောင် အစွမ်းရှိသမျှ သိမ်နုတ်တော်မူကြပါသတည်း။ ဤသို့လျှင် တိဝိနယာစရာ များသံဃာ တို့ ခါခါကြိမ်ကြိမ် သိမ်နုတ်, သိမ်ရှင်းပြုလုပ်ခြင်းတို့တွင် ရှင်းလင်းသံသယကင်းရှင်းပ၍ မိုးဝစန္ဒာ ပြည့် ၀န်းစွာသို့ သီမာဒေါသ သမ္ဘေဒ အဇ္စျေတ္ထရဏတို့မှ မုချကင်းရာနှစ်မျိုးသော ကမ္မ၀ါစာတို့ကို (လင်္ကျာ ရစ်, ခရုပတ်အထပ်ထပ်အကြိမ်ကြိမ် အချိန်မလပ် ကြက်ခြေခတ်, ပျားကြီးစွဲ) အနဲနဲလူးလားအခါခါနုတ် ကြပြီးနောက်-

၁၃၇၃-ခုနှစ် ဟေမန္တ -ဆောင်းဥတု၊ တပို့တွဲလပြည့်ကျော် (၈) ရက်၊ (၁၅-၂-၂၀၁၂) ဗုဒ္ဓဟူးနေ့ ည ( 12 ) နာရီ ( ) မိနစ် အချိန်တွင် မရွေ့အမှန် သီမာသမ္မုတိကံကို စီမံပြုလုပ်ကြရာဝယ် -
(က) ဘဒ္ဒန္တနန္ဒိယ (ဇမ္ဗူမြိုင်ဆရာတော်)
(ခ) ဘဒ္ဒန္တကုဏ္ဍလ (မဲဘောင်ကျောင်း စာချဆရာတော်)
(ခ) ဘဒ္ဒန္တဣဿရိယ (မြိုင်သဇင်ဆရာတော်)
(ဃ) ဘဒ္ဒန္တက၀ိဓဇ (ဇွဲကပင်တောင်ဆရာတော်)
(င) ဘဒ္ဒန္တတေဇိန္ဒ (မိုးကယ်ကျောင်းဆရာတော်)
(စ) ဘဒ္ဒန္တ၀ိဇ္ဇာနန္ဒ (ကျောင်းထိုင်ဘုန်းကြီးကျောင်းဆရာတော်)
(ဆ) ဘဒ္ဒန္တသုဇာတ (ပြည်နယ်ကမ္မဋ္ဌာန်းကျောင်းဆရာတော်)
(ဇ) ဘဒ္ဒန္တဥတ္တရ (ဓမ္မ၀ါသီကျောင်းစာချဆရာတော်)
(ဈ) ဘဒ္ဒန္တဣန္ဒက (၀ါဆိုဦးကျောင်းဆရာတော်)

ဤဆရာတော်ကိုးပါးတို့ကို ဦးထိပ်ခေါင် ရွက်ဆောင်တော်မူစေလျက် အခြေအနေအရ အမှတ် (၉) ရပ် ကွက်ကို နယ်သိမ်း၍ အုတ်အုတ်ကျွတ်ကျွတ် သံဃာကုန်ရုံးလျက် ကြေးစည်သံ, ခေါင်းလောင်းသံ, မောင်းသံအစုံတီးခတ်ကုန်၍ အစုံသံဃာခိုက်အခါဝယ် သီမာ သမူဟနန ကမ္မ၀ါစာကို နှစ်ဖြာဆက်စပ် လျက် ဗဟိုရ်ရပ်ဝတ္ထုမှ အသံညီငေါ် ရွတ်ဖတ်တော်မူကြပြီးလျှင် ရှစ်မျက်နှာနိမိတ်ကျောက်ကိုထား၍-
(၁) တနင်္လာနံ - အရှေ့အရပ်မှ ဦးကုဝေရ
(၂) အင်္ဂါနံ - အရှေ့တောင်ထောင့်အရပ်မှ ဦးဉာဏောဒယ
(၃) ဗုဒ္ဓဟူးနံ - တောင်အရပ်မှ ဦးဝိသုခ
(၄) စနေနံ - အနောက်တောင်ထောင့်အရပ်အမှ ဦးတေဇနိယ
(၅) ကြာသာပတေးနံ - အနောက်အရပ်မှ ဦးမေဓာနန္ဒ
(၆) ရာဟုနံ - နောက်မြောက်ထောင့်အရပ်မှ ဦးဝါရိန္ဒ (ခေမာရာမ)
(၇) သောကြာနံ - မြောက်အရပ်မှ ဦးသောပါက
(၈) တနင်္ဂနွေနံ - အရှေ့မြောက်ထောင့်အရပ်မှ ဦးဣန္ဒာစာရ
လောကသစ္စံ နသစ္စံနှင့် မဆန့်ကျင်ရန် နေ့နံအလိုက် နိမိတ်စောင့်ကြကုန်လျက်-
(က) ဘဒ္ဒန္တက၀ိဓဇ (ဇွဲကပင်တောင်ဆရာတော်)
(ခ) ဘဒ္ဒန္တတေဇိန္ဒ (မိုးကယ်ကျောင်းဆရာတော်)
(ဂ) ဘဒ္ဒန္တ၀ိဇ္ဇာနန္ဒ (ကျောင်းထိုင်ဘုန်းကြီးကျောင်းဆရာတော်)
ဤသုံးပါးသသောဆရာတော်ဘုရားကြီးတို့က တစ်ပါးစီတစ်ပါးစီကြွကာ ရှစ်မျက်နှာသိမ်နိမိတ်တို့ကို မဆိတ်မေးမြန်း ရှစ်ခန်းလှည့်လည်၍-

(ပုရတ္ထိမာယ ဒိသာယ ကိံ နိမိတ္တံ-မှ ပုရတ္ထိမာယ ဒိသာယ ကိံ နိမိတ္တံ) အထိ ထပ်မိသည့်တိုင်-
အယံ ဧသော ပါသာဏော နိမိတ္တံ-ဟု အနီးညွန်သဒ္ဒါ, အဝေးညွန်သဒ္ဒါတို့ကိုမြွက်ဆိုကာဖြင့် အတည် ပြု၊ အနီးကြား, အဝေးကြားဖြင့် စကားမြွက်ဖေါ် မိန့်ကြားတော်မူပြီးနောက် -
ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဘဒ္ဒန္တက၀ိဓဇ (ဇွဲကပင်တောင်ဆရာတော်)က သံဃာတော်ဘောင်မှ ထရပ်၍ အရပ်ရှစ်မျက်နှာ လှမ်းမျှော်လျက် ဖေါ်ပြပါ အစဉ်ရပ်ခွင် ထပ်မိအောင် စစ်မေး၍ -

ဧသော -ခေါ် အဝေးကြားဖြင့် စကားမြွက်ဟ အတည်ပြုတော်မူကြပြီးနောက် ကြွလာသမျှ သံဃာ တော်အ၀၀တို့ကို-
(သမာနသံဝါသက သီမာ သမ္မုတိ ကမ္မ၀ါစာ - အစ အ၀ိပ္ပ၀ါသ သီမာ သမ္မုတိ ကမ္မ၀ါစာ-အဆုံး) နှစ်ဆောင်လုံးထင်ရှား ကိုးထပ်တိုင်တိုင် ဖတ်ကြား၍ ရွှင်အားရစွာ ညီညာဖေါ်ထုတ် သိမ်သမုတ်တော် မူကြသည်နှင့် တပြိုင်နက် ဤပညာရံသီ-မည်သော မင်္ဂလာသိမ်တော်ကြီးသည် နှစ်သာသနာ (၂၅၅၀) ခု စွန်းခိုက် မြန်မာတိုက်၌ ကြုံကြိုက်ဝေါဟာ ကောဇာသက္ကရာဇ် (၁၃၇၃) ခုနှစ်၊ တပို့တွဲလ ပြည့်ကျော် (၈)ရက် ဗုဒ္ဓဟူးနေ့ ည ( ၁၂ ) နာရီ ( ၂၀ ) မိနစ် အချိန်ဝယ် ဘူမျံ ဗွေချာ ဤဒေသာမှ သီမာ နိမိတ်ကျောက်အတိတ်သည် မဆိတ်လျင်စွာ လွမ်းမိုးကာနှင့် ကမ္ဘာမြေထု ဟင်းလင်းပြုသို့ ပံသုသီလာ ဖေါက်ကွဲကာဖြင့် သီမာ သမ္မုတိ ရှိန်ဣဒ္ဓိက ၀ါရိဝါရီ အရောက်ချီလျက် သျှရီနိမိတ် အောင်အတိတ်ကို ဆောင်ချိတ်ဆက်စပ်စေပြီးသော်-

ဤမြေ၀သုံ လူတို့ဘုံမှ အဟုန်ပြင်းစွာ ဘ၀ဂ္ဂါထိ ဇေယျာသိငြိတ်အောင်နိမိတ်ကို မဟိဒ္ဓိစိုး တန်ခိုးကြီး မြတ်အနတ်နတ်နှင့် မလပ်ဗြဟ္မာ မင်းတကာတို့ ပြင်းစွာလက်ပမ်း ဘ၀ဂ်လွှမ်းအောင် ဆက်ကမ်းခတ် တည်း သောင်းသောင်းချီး၍ ပေါင်းစည်းဆောင်ဖန် အခေါင်လျှံလျက် အောင်သံဟစ်ကြွေး သာဓု သံ အောင်စည်တီး၍ ကောင်းချီးပေးကြကုန်ရာသတည်း။

”ပညာရံသီ” သိမ်တော်၏ သိမ်အောင် သြဘာစာတမ်းပြီး၏

ခွယ်ကဘောင်ပညာဥယျာဉ်ကျောင်း သိမ်သမုတ်ပွဲကျင်းပပြီးစီး

0 comments
ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်ကုန်း၊ အမှတ် (၉)ရပ်ကွက်မှာရှိသော ခွယ်ကဘောင်ပညာဥယျာဉ်ကျောင်း (ခွဲကဘောင်ပညာ့ဖေါ့ကလိုဘယာ)အတွက် သိမ်ကျောင်းဆောင်ဖြစ်မြောက်ရေး သိမ်သမုတ်ပွဲကို ၁၃၇၃ ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၈)ရက် (၁၅-၂-၂၀၁၂) ဗုဒ္ဓဟူးနေ့တွင် သိမ်သမုတ်ပွဲကိုအောင်မြင်စွာကျင်းပနိုင်ခဲ့ပါသည်။
၎င်းသိမ်သမုတ်ပွဲအစီအစဉ်မှာ ၁၃၇၃ ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၈)ရက် (၁၅-၂-၂၀၁၂)တနင်္ဂနွေနေ့တွင် ဘားအံမြို့ရှိကျောင်းတိုက်သံဃာတော်များနှင့် အမှတ် (၉)ရပ်ကွက်အတွင်းရှိ သံဃာတော်များစုစုပေါင်း သံဃာပါးရေ (၁၄၀) ကျော်ဖြင့် ညနေ (၅:၃၀) အချိန်တွင် ကမ္မ၀ါစာနဲ့နည်းစုံလင်စွာဖြင့် သိမ်နုတ်ခဲ့ကြပါသည်။

ည (၁၁: ၃၀)အချိန်တွင် ဘားအံမြို့ပေါ်ရှိ ဇွဲကပင်တောင်ဆရာတော်၊ ဇမ္ဗူမြိုင်ကျောင်းဆရာတော်အပါအ၀င် ဆရာတော်ကြီးများကြွရောက်ကာ သိမ်သမုတ်ပွဲကို စတင်ခဲ့ကြပါသည်။ ၎င်းသိမ်သမုတ်ပွဲမှာ …
(၁) ဦးစွာ မြတ်ဗုဒ္ဓရဲ့နှုတ်ကပတ်မှမြွက်ကြားအပ်သော ပရိတ်ကြီး (၁၁) သုတ်ကိုရွတ်ဖတ်ခြင်း
(၂) ထိုနောက် သိမ်နိမိတ်ကြားခြင်း
(၃) ထိုနောက် ဆရာတော်ကြီး (၉)ပါးမှာ သုံးပါးတစ်တွဲဖြင့် ကမ္မ၀ါစာရွတ်ဖတ်ခြင်း ….အဆုံး (၁၂: ၂၀) အချိန် တွင် ခွယ်ကဘောင်ပညာဥယျာဉ်ကျောင်းဝင်းရှိ သိမ်ဆောင်ကို ”ပညာရံသီ” အမည်ဖြင့် အောင်မြင်စွာသိမ်သမုတ် နိုင်ခဲ့ကြပါသည်။

ဒါကြောင့် ထိုသိမ်နုတ်၊ သိမ်သမုတ်ပွဲကို ကိုယ်တိုင်ကိုယ်ကျမကြည်ညိုရသော ”ဇွဲကပင်ပညာဒါနအသင်း” ရဲ့ အသင်းသူ၊ အသင်းသားများနှင့် ”ဇွဲကပင်ပညာဒါနအသင်း”ကို မိမိစွမ်းအားရှိသလောက်ပါဝင်လှူဒါန်းကူညီပေး ခဲ့ကြသော စေတနာရှင်သူတော်စင်များအားလုံး ၀မ်းမြောက်နုမော်သာဓုခေါ်နိုင်စေရန် သတင်းကောင်းပါးလိုက် ရပါသည်။

ခွယ်ကဘောင်ပညာဥယျာဉ်ကျောင်း သိမ်သမုတ်ပွဲ မှတ်တမ်းဓာတ်ပုံများ

သိမ်နုတ်၊ သိမ်သမုတ်အတွက် မြေဇယားကွက်ပုံ


သံဃာတော်များ သိမ်နုတ်စဉ်


















သိမ်တည်ဆောက်ရန်အတွက် အုဌ်မြစ်ချပုံ

အုဌ်မြစ်ချပြီး စုပေါင်းအမှတ်တရဓာတ်ပုံ

မှတ်တမ်း = နဲာမေဓာနန္ဒ

(၁၄) ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်း အစည်းအဝေးအလှူပွဲ (ဘန်ကောက်၊ ထိုင်းနိုင်ငံ)

0 comments
(၁၄) ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်း အစည်းအဝေးအလှူပွဲကို (၂၉-၁-၂၀၁၂) တနင်္ဂနွေနေ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ နွန်ထဘူရီ၊ ၀တ် နခွန်အင်ကျောင်းတွင် အောင်မြင်စွာကျင်းပခဲ့ပါသည်။ ဇွဲပညာဒါနအသင်းသည် တစ်နှစ်လျှင် (၂)ကြိမ်ဖြင့် ကျင်းပလာခဲ့သည်မှာ အခုဆိုရင် (၁၄) ကြိမ်တိုင်တိုင်ရောက်ရှိလာခဲ့ပါပြီ။ ဒါကြောင့် အားလုံးသော အနီးအဝေးမှာရှိကြတဲ့ ဇွဲကပင်ပညာဒါနအသင်းကိုထောက်ပံ့လှူဒါန်းကြတဲ့အလှူရှင်၊ အလှူမများ ၀မ်းမြောက်သာဓုခေါ်နိုင်ရန် ဒီဇွဲကပင်ပညာဒါနအသင်းဆိုက်ကနေတဆင့်ဖေါ်ပြလိုက်ပါတယ်။


(၁၄ ) ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်းအစည်းအဝေးပွဲကို အောက်ပါအစီအစဉ်ဖြင့်ကျင်းပပြုလုပ်ခဲ့ပါသည်…

၁။ ကြွရောက်လာကြသော ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က ”နမော တဿ” (၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခြင်း

၂။ မိဂဒါယဖေါ့မူယှာ့ကုံလွဲာမှ ”ပုဂ်ထင်း”လ်ုဝါ်ဖြင့် ရွတ်ဖတ်ပူဇော်ခြင်း

၃။ နာယကဆရာတော် က်ုဆာကျာ်ကုမာရ (လိုင့်ပါးဘာ.)ထံမှ ဧည့်ပရိတ်သတ်အပေါင်းတို့က ငါးပါးသီလခံယူ ဆောက်တည်ပြီး ဆရာတေ်၊ သံဃာတ်ေတို့က ပရိတ်တရားချီးမြင့်ခြင်း

၎။ နာယကဆရာတော် က်ုဆာကျာ်ပုည (၀တ်ကျာဒဲကျောင်း) မှ ဧည့်ပရိတ်သတ်တို့အား သြ၀ါဒကထာ (ဆုံးမစကား) မိန့်ကြားခြင်း

၅။ ဇွဲကပင်ပညာဒါနအသင်းရဲ့ ဥက္ကဋ္ဌဆရာတော်က်ုဆာကျာ်ဣန္ဒာစာရက ဇွဲကပင်ပညာဒါနအသင်းရဲ့ ရယ်ရွယ် ချက်၊ လုပ်ဆောင်ချက်တွေကို ဧည့်ပရိတ်သတ်တို့အားမိန့်ကြားခြင်း

၆။ အသင်းရဲ့ စည်းလုံးညီညွတ်မှုနဲ့တည်ဆောက်ရမည့်အကြောင်းကို မာန်နဲာမေဓာနန္ဒမှ မိန့်ကြားခြင်း

၇။ အသင်း၏ (၆) လပတ်အတွင်း ၀င်ငွေ၊ ထွက်ငွေစာရင်းကို ဘဏ္ဍာရေးမှူးက်ုဆာကျာ်ကုဝေရ (နွန်ထဘူရီ) မှ ရှင်းလင်း တင်ပြခြင်း

၈။ မာန်နဲာဉာဏောဒယ (ခ်ုလိုဝ်)မှ ဧည့်ပရိတ်သတ်တို့အား တရားရေအေးတိုက်ကြွေးခြင်း

၉။ ဧည့်ပရိတ်သတ်တို့က လှူဒါန်းဖွယ်ရာဒါန၀တ္ထုများကို ဆရာတော်၊ သံဃာတော်များအားဆက်ကပ်လှူဒါန်းပြီး
ရေစက်သွန်းချအမျှပေးဝေခြင်း

၁၀။ မိဂဒါယဖေါ့မူယှာံကုံလွဲာမှ ”အေင်ပြီ” ကဗျာဖြင့် ရွတ်ဖတ်ပူဇော်ခြင်း

၁၁။ (၁၄) ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်းအစည်းအဝေးအလှူပွဲပြီးဆုံး၍ ” ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု” (၃) ကြိမ်ဖြင့် ရွတ်ဖတ်၍ အခမ်းအနားကိုရုပ်သိမ်းခြင်း

အထက်ပါအစီအစဉ်များဖြင့် (၁၄) ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်း၏ အလှူပွဲကို အောင်မြင်စွာကျင်းပခဲ့ ပါသည်။
ဒါကြောင့် ပြည်တွင်း၊ ပြည်ပမှာရှိကြတဲ့ ဇွဲကပင်ပညာဒါအသင်းကို အားပေးထောက်ပံ့လှူဒါန်းကြတဲ့ သူတော်စင် ဒါယကာ၊ ဒါယိကာမအားလုံး သာဓုခေါ်ဆိုနိုင်ရန် ဒီဆိုက်ကနေ အသိပေးတင်ပြလိုက်ရပါသည်။

အခမ်းအနားကျင်းပရာဓာတ်ပုံမှတ်တမ်းများ....