Pages

KDA ဇွဲကပင်ပညာဒါနအသင်း ကြိုတင်ညှိနှိုင်းအစည်းအဝေး

0 comments
KDA ဇွဲကပင်ပညာဒါနအသင်း ကြိုတင်ညှိနှိုင်းအစည်းအဝေး

၂၀၁၀-ခုနှစ် (၁၁) ကြိမ်မြောက် KDA ဇွဲကပင်ပညာဒါနအသင်း၏ ပထမ (၆)လပတ် ဇူလိုင် (၄)ရက်နေ့ ကျင်းပ
မည့်အလှူပွဲအတွက် ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ဘန်ကောက်မြို့၊ နွန်ထဘူရီ၊ ၀တ်နခွန်အင်ကျောင်းတွင်
ကျင်းပခဲ့ကြသည်။ အလှူပွဲဖြစ်မြောက်ရေးနှင့် ဘားအံမြို့တွင် ဇွဲကပင်ပညာဒါနအသင်း၏ တည်ဆောက်လျှက်
ရှိသော ဇွဲကပင်ပညာဒါနဥယာဉ်ကျောင်းနဲ့ ပတ်သက်ပြီးကုန်ကျမှုများကို အဖွဲ့ဝင်ကော်မတီများအား ရှင်းလင်း
တင်ပြခဲ့ပါသည်။ ထိုနောက် (၁၁) ကြိမ်မြောက် ပထမ (၆) လပတ် အလှူပွဲတွင် လုပ်ဆောင်ချက်များ၊ တာဝန်
နေရာနဲ့ ပုဂ္ဂိုလ်အလိုက်ခွဲဝေပြီး အဖွဲ့တိုးတက်ရေးစသည်များ ဆွေးနွေးခဲ့ကြပါသည်။



(၄၂) နှစ်မြောက် မာန်နဲာကျာ်ဥတ္တမာလင်္ကာရ (ခေါဝ်အွာ)မွေးနေ့အလှူဆင်ယင်ကျင်းပ



တစ်ဆက်တည်းမှာပဲ လှိုင်းဘွဲ့မြို့နယ်၊ ဒိုင်းပြကျေးရွာ ဆရာတော် မာန်နဲာကျာ်ဥတ္တမာလင်္ကာရ၏ (၄၂)
နှစ်မြောက် မွေးနေ့အလှူကို ဘန်ကောက်မြို့၊ နွန်ထဘူရီ၊ ၀တ်နခွန်အင်ကျောင်းတွင် အလှူ့ရှင်၊ အလှူ့မ
များ ဆရတော်၏သီလဂုဏ်၊ သမာဓိဂုဏ်အာရုံပြုကာ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြပါသည်။








ကျောင်းသန့်ရှင်းရေး

၂၀၁၀-ခုနှစ် (၁၁) ကြိမ်မြောက် KDA ဇွဲကပင်ပညာဒါနအသင်း ပထမ (၆)လပတ် ဇူလိုင် (၄)ရက်နေ့ ကျင်းပ
မည့်အလှူပွဲအတွက် ဇွဲကပင်ပညာဒါနအသင်းသူ အသင်းသားများ ကျောင်းပတ်လည်သန့်ရှင်းမှုဖြင့် ပါဝင်
ကုသလိုလ်ပြုလုပ်ဆောင်ခဲ့ကြပါသည်။


0 comments:

Post a Comment