Pages

2009-ခုနှစ် သင်္ကြန်ပွဲတော် ဘန်ကောက်မြို့

1 comments
၁၃၇၁-ခုနှစ် မဟာသင်္ကြန်ပွဲတော်ကို ဇွဲကပင်ပညာဒါနအသင်းရဲ့ အခြေစိုက်ရာ ဘန်ကောက်မြို့၊နော့ထပူရီကျောင်းမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။နှစ်ဟောင်းကို စွန့်၍ နှစ်သစ်ကို ကြိုဆိုသောအားဖြင့် ကုသိုလ်တရားများပွါးများနိုင်ရန် ထိုင်းနိုင်ငံရောက် ကရင်တိုင်းရင်းသာများနှင် အခြားတိုင်းရင်းသားများ စုစုပေါင်း လူပရိတ်သတ် ၂၀၀ကျော်လောက် ပါဝင်ဆင်နွဲခဲ့ပါတယ်။

နောက်ပြီးတော့ ဒီနှစ်မှာ ဇွဲကပင်ပညာဒါနအသင်းရဲ့ အမှတ်တရအဖြစ် ဇွဲကပင် အကျီ်နှင့် ပ၀ါတွေကို ထုတ်လုပ်ခဲ့ပါတယ်။ဇွဲကပင်ပညာဒါနအသင်းရဲ့ ရည်ရွယ်ချက်နှင့်အညီ အကျီနှင့်ပ၀ါတွေကို ရန်ပုံငွေအဖြစ် အကျီတစ်ထည်ကို ဘတ်၁၅၀ကျပ်နှင့် ပ၀ါတစ်ထည်ကို ဘတ်၁၀၀ကျပ်နှုန်းဖြင့် အားပေးနိုင်ကြောင်း သိရပါတယ်။ အမှတ်တရအနေနဲ့ ဇွဲကပင်အမှတ်တံဆိပ်နဲ့ ထုတ်လုပ်ခဲ့ပါတယ်။


ဒါကြောင့် ဇွဲကပင်ပညာဒါနအသင်းရဲ့ အဓွန့်ရှည်စွာ တည်တံ့ရေးအတွက် အဘက်ဘက်မှ တာဝန်ရှိတဲ့သူတွေက ကြိုးစားခဲ့ပါတယ်။လာမယ့် ၂၀၀၉-ခုနှစ်မှာ ဇွဲကပင်ရဲ့ အထိမ်းအမှတ်စာစောင် ပုံနှိပ်ထုတ်ဝေဖို့ စီစဉ်ထားပါတယ်။စာမူဖိတ်ခေါ်ထားပြီးဖြစ်ပါတယ်။



ဒါကြောင့် အဝေးရောက် ကရင်တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အနေနဲ့ စာမူများရေးသားပေးပို့နိုင်ပါကြောင်း ထပ်လောင်း သတင်းကောင်းပါးအပ်ပါတယ်။

1 comments:

xman said...

Congratulation man. I'm Karen N I'm very happy have to see ur blogger. It's nice . I like it . Bye

Post a Comment